Sony Xperia Buildnumber (4.0.2.A.0.62) Firmware အမျိုးအစားတွေကို Root လုပ်နည်း [ Without bootloader ]



အခုနောက်ပိုင်း android OS သုံး Sony Xperia ဖုန်းမော်ဒယ်တော်တော်များများဖြစ်တဲ့
Sony Xperia X10/Arc/Arc S/Play/Ray/Neo/Mini/Mini Pro/Pro/Active များကို
root လုပ်ဖို့ အရမ်းကြီးမခက်ခဲတော့ပါဘူး။ လွယ်ကူလာပါပြီ။
ဒါပေမဲ့ Sony Xperia X10/Arc/Arc S/Play/Ray/Neo/Mini/Mini Pro/Pro/Active ဖုန်းများမှာ
နောက်ပိုင်း Firmware update ဖြစ်တဲ့ Sony Xperia Buildnumber (4.0.2.A.0.62) ကို
Root tool တွေနဲ့ Root လုပ်ရတာ အဆင်မပြေပြန်တော့ပါဘူး။
Sony Xperia Buildnumber (4.0.2.A.0.62) ဟုတ် ၊ မဟုတ် ဘယ်လိုစစ်ဆေးကြည့်မလဲ . ?
Phone Setting >>> About Phone >> Buildnumber မှာ စစ်ဆေးနိုင်ပါတယ်။
Sony Xperia Buildnumber (4.0.2.A.0.62) ကိုဘယ်လို Root ဘယ်လိုလုပ်မလဲ ?
Sony Xperia Buildnumber (4.0.2.A.0.62) ကို root လုပ်ဖို့နည်းလမ်း ၂ ခုရှိပါတယ်။
မိမိအတွက် အဆင်ပြေပြီး အသုံးပြုရတာလွယ်ကူတဲ့ နည်းလမ်းနဲ့
ပြုလုပ်နိုင်ပါတယ်။
နည်းလမ်း ( ၁ )
လက်ရှိအသုံးပြုနေတဲ့ Sony Xperia Buildnumber (4.0.2.A.0.62) ကို
ပထမဆုံး မိမိဖုန်းကို Unlock bootloader ဖြည် ၊ ပြီးရင်
recovery mode ကနေ အသုံးပြုပြီး root လုပ်နည်းပါ။
နည်းလမ်း ( ၂ )
လက်ရှိအသုံးပြုနေတဲ့ Sony Xperia Buildnumber (4.0.2.A.0.62) ကို
Flash Tool နဲ့အသုံးပြုပြီး အခြား Sony Xperia Buildnumber ဖြစ်တဲ့
( ဥပမာ : 4.0.2.A.0.283 , 4.0.2.A.0.58 ) ကို တင်ပြီး ၊
root လုပ် ၊ ပြီးရင် OTA ( Over the air ) ကနေ (4.0.2.A.0.62) ကို update လုပ်ပြီး
အသုံးပြုတဲ့နည်းပါ။
နည်းလမ်း ( ၁ ) နှင့် နည်းလမ်း ( ၂ ) က ဘာတွေကွာခြားသွားမလဲ … ?
နည်းလမ်း ( ၁ ) က မိမိဖုန်းကို unlock bootloader ဖြည်ရတဲ့အတွက်
ပထမဆုံး Warranty voice ဖြစ်ပါတယ်။ recovery mode အသုံးပြုဖို့အတွက်
window command အသုံးပြုရပါတယ် ပြီးရင် recovery mode ကနေ
root file ကို ရွေးပြီး root ပြုလုပ်ရတာပါ။
အားလုံးအဆင်ပြေပြီး ဖုန်းပြန်တက်လာတဲ့ချိန်မှာ ဖုန်းပြန်မတက်နိုင်တာလေးတွေ
ကြုံရပါတယ်။
( ကျွန်တော်ကိုယ်တိုင်လဲ နည်းလမ်း – ၁ နှင့် စမ်းတာ အားလုံးအောင်မြင်ပြီး
နောက်ဆုံးမှာ ဖုန်း firmware ပြန်မတက်တာ ကြုံဖူးပါတယ် )
နည်းလမ်း ( ၂ ) က root လုပ်ဖို့ မရတဲ့
Original Firmware Buildnumber (4.0.2.A.0.62)ကို
flashtool နဲ့ ဖြုတ်ပြီး
root လုပ်လို့အဆင်ပြေတဲ့ အခြား Offical Firmware
( ဥပမာ : 4.0.2.A.0.283 , 4.0.2.A.0.58 ) ကိုတင်ပြီး
root လုပ်မဲ့နည်းလမ်းပါ။ နောက်ဆုံးအနေနဲ့
Wifi or 3G ကနေ Buildnumber (4.0.2.A.0.62) ကိုပြန်ပြီး
update လုပ်တဲ့နည်းလမ်းပါ။
root လုပ်ပြီး Buildnumber (4.0.2.A.0.62) ကို update လုပ်လိုက်တဲ့အတွက်
root လုပ်ထားတာ ပျောက်မသွားပါဘူး။
ပြုလုပ်ရမဲ့ အဆင့်လေးတွေများပါတယ်။
Flastool နဲ့အသုံးပြုတဲ့အခါ အဆင့်လေးတွေကို သေချာဖတ်ပြီး ပြုလုပ်ပေးဖို့လိုပါတယ်
အဲလိုမှမဟုတ်ရင် ဖုန်းပြန်တက်လာတဲ့ချိန်မှာ ဖုန်းပြန်မတက်နိုင်တာလေးတွေ
ကြုံရပါတယ်။
( ဖြစ်လာတဲ့ ပြသာနာအတွက် ကျွန်တော်နဲ့ မသက်ဆိုင်ပါဘူး )
စိတ်မပူပါနဲ့ မိတ်ဆွေမှာ ယုံကြည်မူအပြည့် ရှိဖို့ပဲလိုပါတယ်။
တဖတ်မှာလဲ ကျွန်တော်က အသေးစိတ်ရှင်းပြထားပါတယ် :)
အဆင့် ( ၁ ) အတိုင်းပြုလုပ်ချင်တယ်ဆိုရင်
အောက်မှာ ပြထားတဲ့ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
အဆင့် ( ၂ )
Sony Xperia Buildnumber (4.0.2.A.0.62) Firmware အမျိုးအစားတွေကို Root လုပ်နည်း
Requirments
မိမိဖုန်း Model နဲ့ သက်ဆိုင်တဲ့ firmware .ftf ကို ဒေါင်းလုပ်ဆွဲပါ။
http://xperiadev.wordpress.com/xperia-ftf-firmwares/
( Firmware ဆိုတဲ့ ခေါင်းစဉ်အောက်က မိမိဖုန်းမော်ဒယ်နဲ့
firmware .ftf ကိုရယူပါ )
4.0.2.A.62 ကလွဲပြီး အခြား Firmware .ftf ကိုဒေါင်းလုပ်ဆွဲပါ။
( ဥပမာ : 4.0.2.A.0.283 , 4.0.2.A.0.58 )
- Driver အတွက် Sony PC Companion ကို download ဆွဲပြီး
မိမိအသုံးပြုမဲ့ PC မှာ Install ပြုလုပ်ပါ။
- Flash Tool ကို download ဆွဲပြီး
မိမိအသုံးပြုမဲ့ PC မှာ Install ပြုလုပ်ပါ။
- Download ဆွဲထားသော မိမိဖုန်းမော်ဒယ်နဲ့ သက်ဆိုင်တဲ့
.ftf ကို
Window C : >>> Flashtool >> Firmware Floder
ထဲသို့ သွားထားပေးပါ။
- Root toolkit ကို download ဆွဲပါ။
OR
အထက်မှာ ပေးထားတဲ့ လိုအပ်ချက်တွေကို အားလုံးပြုလုပ်ပြီးလို့
အဆင်သင့်ဖြစ်ပြီးဆိုရင် လုပ်ငန်းစလိုက်ကြရအောင်
ဖုန်းမှာ အနည်းဆုံး Battery 50% အားသွင်းထားပါ။
ပြီးရင် ဖုန်းကို Power ပိတ်ပေးပါ။
Start >> All Program >> flash ကို run လိုက်ပါ။

Flashtool box မှ Flash button ကို နှိပ်ပေးပါ။
နောက်ထပ်ပေါ်လာတဲ့ box မှာ မိမိဖုန်းအတွက်
firmware ကို select မှတ်ပြီး OK နှိပ်ပါ။
firmware သွင်းဖို့ အတွက် step by step box တက်လာပါမယ်။

မိမိဖုန်းမှ back button ကိုနှိပ်ထားပြီး USB Cable နဲ့ချိတ်ဆက်ပါ။
(back button မပါပဲ တချို့ touch screen button နဲ့ဖုန်းဆိုရင်
Volume down button ကိုနှိပ်ထားပြီး Flashtool နဲ့ချိတ်ဆက်ပါ။)
ဥပမာ : Sony Xperia mini pro sk17i , Sony Xperia ray ST18i ,
Sony Xperia wallman WT19i

ဖုန်းအတွင်းသို့ firmware အသစ်ထည့်သွင်းနေပါပြီ ။
အချိန် ခဏစောင့်ပေးပါ။
( firmware ထည့်သွင်းနေချိန် PC နှင့် Phone ချိတ်ဆက်ထားတာ
မဖြုတ်မိပါစေဖို့ သတိထားပေးပါ။ )
” Flashtool box ” မှ အထက်မှာပြထားတဲ့အတိုင်း ပြီးဆုံးပြီဆိုလျှင်
Phone Cable ကိုဖြုတ်ပြီး ဖုန်းကို Power ” ON ” ပေးပါ။
မိမိသွင်းထားသော Firmware version အသစ်နှင့် ဖုန်းပြန်တက်လာပြီဆိုလျှင်
ပုံမှန်အတိုင်း ဖုန်း Setting တွေကို Step by Step ပြုလုပ်ပေးပါ။
Setting တွေအားလုံးပြုလုပ်ပြီးလို့ ပုံမှန်ရပြီဆိုလျှင်
မိတ်ဆွေဖုန်းကို root လုပ်ဖို့ နှင့် မြန်မာစာဖောင့် အတွက်
အဆင့် ( ၃ ) နှင့် အဆင့် ( ၄ ) ကိုသွားပါမယ်။
အဆင့် ( ၃ )
အဆင့် ( ၄ )
အဆင့် ( ၃ ) နှင့် ( ၄ ) အတိုင်း
မိတ်ဆွေဖုန်းကို root လုပ်ပြီး မြန်မာဖောင့်ထည့်သွင်းပြီးလို့
အားလုံးပြီးဆုံးပြီဆိုလျှင် Buildnumber (4.0.2.A.0.62) Firmware ကို
OTA ( over the air ) ကနေပြုလုပ်ပါမယ်။
Buildnumber (4.0.2.A.0.62) Firmware အတွက်
OTA ( over the air ) ပြုလုပ်ဖို့အတွက် မိတ်ဆွေဖုန်းကို
Wifi or 3G ချိတ်ဆက်ပါမယ်။
Wifi or 3G ချိတ်ဆက်ပြီးလျှင်
Setting >>> About Phone >>> Software update ကိုနှိပ်ပေးပါ။
Buildnumber (4.0.2.A.0.62) Firmware ရှိကြောင်း
box နဲ့ကျလာပါမယ်။
Buildnumber (4.0.2.A.0.62) Firmware ကို download ဆွဲပြီး Install ပြုလုပ်ပေးပါ။
Buildnumber (4.0.2.A.0.62) Firmware ကို Install ပြုလုပ်နေချိန်တွင်
မိနစ်ပိုင်းအနည်းငယ်လောက်စောင့်ရပါမယ်။၏
အားလုံးပြီးဆုံးလို့ ဖုန်းပြန်တက်လာချိန်မှာ မိတ်ဆွေ ဖုန်းက
root လုပ်ထားပြီး မြန်မာဖောင့် အသုံးပြုလို့ရတဲ့
Buildnumber (4.0.2.A.0.62) Firmware နဲ့ရရှိသွားပါပြီ။
Sony Xperia Buildnumber (4.0.2.A.0.62) Firmware အမျိုးအစားတွေကို Root လုပ်နည်း [ Without bootloader ] Sony Xperia Buildnumber (4.0.2.A.0.62) Firmware အမျိုးအစားတွေကို Root လုပ်နည်း [ Without bootloader ] Reviewed by MGN Mobile on 8:30:00 AM Rating: 5

No comments

Contact Form

Name

Email *

Message *